x

၂၀၀၈ ခုနှစ် ဆိုင်ကလုံးနာဂစ်မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သော ဧရာဝတီတိုင်းရှိအဆောက်အဦများ တည်ဆောက်လှူဒါန်းမှု။

၂၀၀၈ ခုနှစ် မေလ ( ၂) ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သော ဧရာဝတီတိုင်းရှိ ကျိုက်လတ်မြို့၊ ကနီမြို့ငယ် ရှိစာသင်ကျောင်းများ၊ အများနှင့်သက်ဆိုင်သော အဆောက်အဦအချို့၊  လူနေအိမ်အချို့ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့် မုန်းတိုင်းသင့်သူများအတွက် အစားအသောက်နှင့်ဆေးဝါးများအား စေပိုင်မိသားစု ( မောင်ဝိတ်နှင့်မိသားစု ) က လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

CSR, Sea Paing Development Ltd.

အဆိုပါလှူဒါန်းမှုများဆောင်ရွက်စဉ် ကျိုတ်လတ်မြို့မှာပင် ဦမောင်ဝိတ်သည် ထိန်းသိမ်းခံခဲ့ရပြီး မောင်ဝိတ်နှင့်မိသားစုကုမ္ပဏီမှာ ဖျက်သိမ်းခြင်းခံခဲ့ရပါသည်။ နာဂစ်မုန်းတိုင်းအလွန် ပြန်လည်ထူထောင်ရေးဆောင်ရွက်ဆဲ လှူဒါန်းမှုများအား မိသားစုမျာကပြီးသည်အထိ ဆက်၍ ဆောင်ရွက်ခဲ့ကြပါသည်။ ဦးမောင်ဝိတ်မှာ ထိုအချိန် ၂၀၀၈ခုနှစ် မေလမှစတင်၍ မိသားစုနှင့်ဝေးကွာသွားခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ( ၅နှစ် ၇လ ) အကြာတွင် မိသားစုထံပြန်လည်ရောက်ရှိခဲ့ပါသည်။

CSR, Sea Paing Development Ltd.

CSR, Sea Paing Development Ltd.

နာဂစ်မုန်တိုင်းအလွန် ပြန်လည်တည်ဆောက်ရေးအတွက် အလှူသည် ဦးမောင်ဝိတ် အခက်အခဲဖြစ်ချိန်နှင့် တစ်ချိန်တည်းဖြစ်ခဲ့၍ မှတ်တမ်းဓါတ်ပုံကောင်းကောင်း မကျန်ရစ်ခဲ့သော်လည်း မီဒီယာအချို့နှင့် မိတ်ဆွေအချို့တို့ထံမှ ရရှိသောဓါတ်ပုံများဖြင့် မှတ်တမ်းပြုလိုက်ရပါသည်။