x

Gonyi Residence ရဲ့ Penthouse အခန်းတွေမှာ နေထိုင်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းတွေကနေ ရရှိလာမယ့် အကျိုးကျေးဇူးများ။

ပုံမှန်အားဖြင့် Penthouse ကို တိုက်ခန်း အဆောက်အဦး ဒါမှမဟုတ် အဆင့်မြင့်ကွန်ဒိုတွေရဲ့ အပေါ်ဆုံးအထပ် ဇိမ်ခံအလွှာအဖြစ် သတ်မှတ်ကြပါတယ်။ ဒါ့အပြင် အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တွေကလည်း အဆင့်မြင့်ဝန်ဆောင်မှုတွေပါဝင်တဲ့ ဇိမ်ခံ Penthouse တစ်ခုမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ  အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ဆိုထားပါတယ်။

ဆက်လက်ပြီး Gonyi Residence Penthouse အခန်းတွေရဲ့ ထူးခြားချက်တွေကို ဖော်ပြပေးပါ့မယ်။

(၁) ရင်သပ်ရှုမောဖွယ်မြင်ကွင်း။
Penthouse မှာ နေထိုင်သူတွေ အဓိကကြိုက်နှစ်သက်တဲ့ အချက်ကတော့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကော်ဖီခွက်လေးကိုင်ပြီး မနက်ခင်းရဲ့ လေနုအေးလေးကို ခံစားရင်း ဒါမှမဟုတ် ညနေခင်း အလုပ်တွေပြီးလို့ အနားယူတဲ့အချိန်မျိုးတွေမှာ သူငယ်ချင်း ၊ မိတ်တွေ ၊ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး စားရင်းသောက်ရင်း သာယာလှပတဲ့ မြို့ပြရဲ့ညအလှကို ခံစားကာ အချိန်ကုန်ဆုံးနိုင်တာပဲ ဖြစ်ပါတယ်။

(၂) ဖွဲ့စည်းတည်ဆောက်ပုံ။
များသောအားဖြင့် Penthouse အခန်းတွေဟာ အဆောက်အအုံရှိ အခြားအလွှာတွေထက် ပိုမိုကျယ်ဝန်းလေ့ ရှိပါတယ်။ ကျွန်တော်တို့ Gonyi Residence Penthouse အခန်းတွေရဲ့ အကျယ်အဝန်းကတော့ 5000+sqft ကနေ 7000+sqft အထိရှိပြီး Master Bedroom (၄) ခန်းအထိ ဖွဲ့စည်းထားကာ နှစ်ထပ်ပုံစံဖြင့် ဆောက်လုပ်ထားပါတယ်။

(၃) တိတ်ဆိတ်ငြိမ်သက်ခြင်း။
Gonyi Penthouse အခန်းတွေကနေ မြို့ပြရဲ့ ခမ်းနားလှပတဲ့ ရှုခင်းတွေကို နေထွက်ချိန်၊ နေဝင်ချိန်တွေနဲ့ မီးရောင်စုံလင်လှတဲ့ ညဖက်အချိန်တွေမှာ အပြည့်အဝခံစားနိုင်သလို Penthouse အခန်းဖြစ်တာနဲ့အညီ မော်တော်ယာဉ်တွေနဲ့ အခြားသော စိတ်အနှောင့်အယှက်ဖြစ်စရာ ဆူညံသံတွေကို စိတ်ပူစရာမလိုတဲ့အတွက် တိတ်ဆိတ်ငြိမ်သက်ခြင်းအပြည့်အဝကို ခံစားရမှာပဲဖြစ်ပါတယ်။ 

(၄) အပိုထပ်ဆောင်း ဝန်ဆောင်မှုများ။
Gonyi Residence ဟာ အဆင့်မြင့် ဇိမ်ခံကွန်ဒိုတစ်လုံးဖြစ်တာနဲ့အညီ နေထိုင်သူတွေ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်စေရန် အပိုထပ်ဆောင်း ဝန်ဆောင်မှုတွေအနေနဲ့ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ဖို့ Full Size ရေကူးကန် (၂) ကန် ၊  အားကစားခန်းမ ၊ လုံခြုံရေးကို အဓိထားတပ်ဆင်ထားတဲ့ ဓာတ်လှေကားများ ၊ ကျယ်ဝန်းတဲ့ ကားပါကင်နေရာ ၊ မည်သည့်အလွှာကနေမဆို လွယ်ကူသက်သာစွာ အမှိုက်စွန့်ပစ်နိုင်တဲ့ Rubbish Chute System ၊ ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်ပေးနေမယ့် CCTV နှင့် လုံခြုံရေးဝန်ထမ်းများ ၊ ကွန်ဒိုအတွင်း နေထိုင်သူများ အဆင်မပြေတာကို အမြန်ဆုံးကူညီဖြေရှင်းပေးမယ့် Estate Management Service ၊ မီးပျက်နေလည်း  အချိန်ပြည့်မောင်းနှင်ပေးနေမယ့် မီးစက်ကြီးများ ၊ မီးငြိမ်းသတ်တဲ့စနစ်နဲ့ အဆောက်အဦးလုံခြုံမှုရှိစေရန် ထည့်သွင်းတည်ဆောက်ထားတဲ့ ELV စနစ် ၊ Video Intercom System အပြင် အင်တာနက် အလွယ်တကူ အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။

(၅) သွားလာရ လွယ်ကူချောမွေ့ခြင်း။
စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မြင်ကွင်းတွေနဲ့ အခြားသော အဆင့်မြင့်ဝန်ဆောင်မှုတွေကြောင့် ဇိမ်ခံ Penthouse တွေကို နေထိုင်သူတွေသာမက ရင်းနှီးမြှုပ်နှံသူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ Gonyi Residence ရဲ့ Penthouse အခန်းတွေဟာ မြို့လယ်ခေါင်မှာ တည်ရှိတဲ့အတွက်ကြောင့် သွားလာရလွယ်ကူချောမွေ့ပြီး အနီးအနား မြန်မာ့ဂုဏ်ရည်လမ်းမပေါ်ရှိ ညဈေးတန်း ၊ ရန်ကုန်ဆေးရုံကြီး ၊ ကန်တော်ကြီး ၊ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ၊ Junction City ၊ ဆူးလေဘုရား ၊ Chatrium Hotel ၊ Rose Garden Hotel နှင့် စားသောက်ဆိုင်တွေပေါများပြီး လူအမြဲစည်ကားနေတတ်တဲ့ China town သို့ ၅ မိနစ်မှ ၁၀ မိနစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အလွယ်တကူ သွားလာနိုင်တာပဲဖြစ်ပါတယ်။

(၆) လုံးခြုံရေးမြင့်မားခြင်း။
Gonyi Residence မှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို မြင့်မားတဲ့ လုံခြုံရေးဝန်ဆောင်မှု (ကွန်ဒိုဝင်ပေါက်၊ မြေအောက်ကားပါကင်၊ ဓာတ်လှေကား၊ လုံခြုံရေးတံခါးများနှင့် အရေးပေါ်ထွက်ပေါက်) တွေ ထည့်သွင်းတည်ဆောက်ထားသလို Penthouse မှာ နေထိုင်သူတွေကိုလည်း ၎င်းတို့ရဲ့အလွှာမှာ ဝင်ပေါက်တစ်ခုတည်း သီးသန့်ပြုလုပ်ပေးထားတဲ့အတွက် ဘေးကင်းလုံခြုံစွာဖြင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်းများလည်း အချိန်ပြည့် ထားရှိပေးထားသည့်အပြင် အချက်ပေးသံပါဝင်တဲ့ လုံခြုံရေးစနစ်ကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားလို့ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ မိသားစုဝင်တွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၇) အချိန်မရွေး ပြန်လည်ရောင်းချလို့ရခြင်း။
Sae Paing Development Limited မှ ဆောက်လုပ်ခဲ့တဲ့ လုံးချင်းအိမ် ၊ ကွန်ဒိုတိုက်ခန်းတွေနဲ့ ဇိမ်ခံ Penthouse အခန်းတွေဟာ လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း ရောင်းလိုအားထက် ဝယ်လိုအားက သာလွန်နေတာကို သိသိသာသာ တွေ့မြင်ရမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ကျဆင်းမှာကို စိုးရိမ်စရာမလိုဘဲ ကနဦးရင်းနှီးမြုပ်နှံမှုကနေ အချိန်နဲ့တပြေးညီ ကောင်းမွန်တဲ့အကျိုးအမြတ်တွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။