x

ဝယ်ယူထားသော ကွန်ဒိုတန်ဖိုးမြင့်တက်လာအောင် ဘယ်လိုလုပ်ဆောင်မလဲ ?

အိမ်တစ်အိမ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချရတာ မြန်ကောင်းမြန်လိမ့်မယ်။ အဲ့ဒီလို ဆုံးဖြတ်ချက်ချပြီးတာနဲ့ နောက်ထပ်စဉ်းစားရမယ့်ကိစ္စက တန်ဖိုးမြင့်တက်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာပါပဲ။ ဝယ်ယူထားတဲ့ ပစ္စည်းတစ်ခု အချိန်ကာလကြာမြင့်လာတာနဲ့အမျှ တန်ဖိုးမြင့်တက်စေချင်တာဟာ ရင်းနှီးမြှုပ်နှံသူတိုင်းရဲ့ စိတ်ကူးအိပ်မက်သာဖြစ်လို့ ဒီတစ်ခေါက်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေ သိထားသင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ် . . .

(၁) အသုံးအဆောင်ပစ္စည်းအသစ်များ ဝယ်ယူတပ်ဆင်ခြင်း။


လှပခမ်းနားစွာ အလှဆင်ထားတဲ့ ကွန်ဒိုတိုက်ခန်းအသစ်မှာ အိမ်သုံးပစ္စည်းအဟောင်းတွေကို အသုံးပြုခြင်းက သင့်အိမ်ရဲ့ပုံရိပ်ကောင်းကို ပေါ်လွင်စေမှာမဟုတ်ဘူးဆိုတာကို သိထားရပါမယ်။ ပစ္စည်းအသစ်တွေကို ရွေးချယ်ရာမှာလည်း သင်ပြင်ဆင်ထားတဲ့ အခန်းပုံစံနဲ့ လိုက်ဖက်မယ့် ပစ္စည်းတွေကို ရွေးချယ်အသုံးပြုမှသာ သင့်အခန်းကို ပြောင်မြောက်ပြီး ခေတ်မီတဲ့ပုံစံမျိုးဖြစ်စေကာ အခန်းတန်ဖိုးလည်း မြင့်တက်လာမှာဖြစ်ပါတယ်။

Sae Paing

(၂) အိမ်တွင်းပြင်ဆင်မှု ပြုလုပ်ခြင်း။


အိမ်တစ်အိမ်ရဲ့ပုံရိပ်ကို အဓိကထင်ဟပ်စေမယ့် ကြမ်းခင်း ၊ နံရံနဲ့ မျက်နှာကျက်တွေဟာ အခန်းတွင်းသို့ဝင်လိုက်တာနဲ့ ပထမဆုံးသတိပြုမိတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ကြမ်းခင်းဟောင်းများ၊ စွန်းထင်းနေတဲ့ ကော်ဇောများ၊ အက်ကွဲပြီး ဆေးကွာနေတဲ့နံရံတွေဟာ ဧည့်သည်တွေ ဒါမှမဟုတ် အလားအလာရှိတဲ့ ဝယ်သူတွေအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်နိုင်တဲ့အတွက်ကြောင့် အိမ်တစ်အိမ်ရဲ့ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်စေမယ့် ဆေးသုတ်ခြင်းနှင့် ကြမ်းခင်းအတွက် ငွေကြေးအနည်းငယ်သုံးစွဲလိုက်ခြင်းက သင့်ကွန်ဒိုရဲ့တန်ဖိုးကို သိသိသာသာ မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

Sea Paing Development

(၃) ရေချိုးခန်း ၊ အိမ်သာ ပြင်ဆင်မွမ်းမံခြင်း။


အဆင့်မြင့်ကွန်ဒိုတိုက်ခန်းဖြစ်တာနဲ့အညီ အခန်းတွင်းရှိ ရေချိုးခန်း ၊ အိမ်သာကို ကြွေပြားခင်းခြင်း ၊ မီးအလှဆင်ခြင်း ၊ အဝတ်ဗီရိုများ ၊ အလှကုန်ပစ္စည်းစင်များ ၊ အလှကြည့်မှန်များဖြင့် ပြင်ဆင်မွမ်းမံလိုက်ခြင်းက သင့်ကွန်ဒိုရဲ့တန်ဖိုး ပိုမိုမြင့်တက်လာအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ပါတယ်။

Sae Paing Development

(၄) မီးဖိုချောင် ပြင်ဆင်ခြင်း။


မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာပါဝင်ပြီး အိမ်ရှင်မတွေ အဓိကကြိုက်နှစ်သက်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ နေ့တစ်နေ့တာကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ စားသောက်ဖွယ်ရာများကို ပြင်ဆင်ချက်ပြုတ်တဲ့နေရာဖြစ်လို့ သန့်ရှင်းတောက်ပြောင်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့်သန့်ရှင်းတောက်ပြောင်တဲ့ မီးဖိုချောင်တစ်ခုဖြစ်လာအောင် ပြင်ဆင်မွမ်းမံခြင်းကလည်း ကွန်ဒိုအခန်းတစ်ခန်းရဲ့ ဈေးနှုန်းတန်ဖိုးကို မြင့်တင်ပေးနိုင်တယ်ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သိထားသင့်ပါတယ်။